Screen Snap

Screen Snap ကတော့ ကိုယ့်ရဲ့ ဖုန်းမှာ မြင်နေရတဲ့ဟာကို ဓါတ်ပုံလို ရိုက်လို့ ရပါတယ်။ ဒေါင်းလုဒ်လုပ်ရန် ဒီမှာနှိပ်ပါ။ ဒေါင်းလုဒ်ပြီးသွားရင် ဖုန်းထဲကို Install လုပ်ပါ။ သူ့ ကို ဘယ်လိုသုံးမလဲဆိုရင်
အောက်ကပုံကို ကြည့်လိုက်ပါ။ အဲဒီမှာ တွေ့ မှာ ပါ။.. Install လုပ်ပြီးသွားရင် အဲဒါကိုဖွင့်လိုက်။ ပြီးရင် Option ကိုနှိပ် Change Settings ကိုနှိပ်ပါ။ Shortcut မှာ ကိုယ့်စိတ်ကြိုက်သုံးမျိုးရွေးစရာရှိပါတယ်။ အဲဒါကိုယ်ကြိုက်တာရွေးပါ။ အဲဒါကဘာလဲဆိုရင် ကိုယ့်ဖုန်းမှာ မြင်နေတဲ့ဟာကို ဓါတ်ပုံအဖြစ်ယူချင်တယ်ဆိုရင် အဲဒီ Shortcut ကို နှိပ်ပေးရပါတယ်။ ဥပမာ- Edit+<*> ကိုရွေးတယ်ဆိုပါစို့ ။ ကိုယ့်ဖုန်းထဲမှာ မြင်နေတဲ့ဟာကို ဓါတ်ပုံဖြင့်ယူတော့မယ်ဆိုရင် အဲဒီနှစ်ခုကို နှိပ်ပေးရပါတယ်။ အဲလိုနှိပ်တဲ့အခါမှာ နှစ်စက္ကန့် လောက်ဖိထားပါ။ ဒါဆိုရင် သူက ရိုက်ပေးပါလိမ့်မယ်။ Location မှာတော့ Memory Card ကိုရွေးရင်တော့ ပိုကောင်းပါတယ်။ အခြားဟာတွေကိုတော့ ကိုယ့်စိတ်ကြိုက်ပြောင်းလို့ ရပါတယ်။သုံးရတာ အဆင်ပြေပါတယ်။ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment

 

Created by Zaw Win Htet at 2009